(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌဖလား အမျိုးသား ကီလိုမီတာ ၃၀ ကျူံးသုံးပတ် နှင့် အမျိုးသမီး ကီလိုမီတာ ၂၀ ကျူံးနှစ်ပတ် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို မတ်လ ၂၅ရက်နံနက်ပိုင်း တွင် မန္တလေးမြို့ ကျူံး၏ အရှေ့မြောက်ထောင့်ရှိ ရတနာပုံဉယျာဉ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးမှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် စက်ဘီးစီးအားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြတယ်လို့သိရပါတယ်။

 တာလွှတ်နေရာဖြစ်သည့် ၂၆ လမ်းနှင့် ၇၃ လမ်းထောင့် ကျူံးတောင်ဘက် မင်္ဂလာတံတား အချက်ပြနေရာမှ သေနတ်ပစ်ဖောက် တာလွှတ်ရာ ပြိုင်ပွဲဝင်အားကစားသမားများက သတ်မှတ်လမ်းကြောင်းများအတိုင်း  စီးနင်းယှဉ်ပြိုင်ကြပြီး ပန်းဝင်လာကြသူများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှု အားပေးကြပါတယ်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် တိုင်းမှူးက ပြိုင်ပွဲတွင် အသက်အကြီးဆုံး အားကစားသမား ၂ ဦးအား အထူးဆု ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်တို့အား ထပ်မံချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစား သမား ၁၆၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့သိရပါတယ်။