CRPH၊ NUG နှင့် လက်ဝေခံများ၏လှုံ့ဆော်၊ဝါဒဖြန့်ခြင်းများကို လုပ်ဆောင်သူများအား အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူလျက်ရှိရာ မတ်လ ၂၄ရက်က

(၁) မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ သိမ်ကြီးလမ်းနေ အိသဲဖြူ(ခ)အေးမြတ်မွန်သည် ၎င်းအသုံးပြုသည့် “Thae Thae” Facebook အကောင့်၊

(၂) မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်နေ ဟန်ထွဋ်စိုးသည် ၎င်းအသုံးပြုသည့် “Han Htut Soe” Facebook အကောင့်၊

(၃) ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ သက်နောင်သည် ၎င်းအသုံးပြုသည့် “That Naung” Facebook အကောင့်၊

(၄) မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်ကြသည့် ဖြိုးဟိန်းကျော်နှင့် စံလင်းအောင်(ခ) ဇွဲထက်တို့သည် ၎င်းတို့အသုံးပြုသည့် “Phyo Hein Kyaw” Facebook အကောင့်နှင့် “Zwe Htet” Facebook အကောင့်

(၅) နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်နေ ယဉ်ယဉ်အေး(ခ)ရင်ငြိမ်းပန်း(ခ)ပန်ပန်သည် ၎င်းအသုံးပြုသည့် “Pan Pan” Facebook အကောင့်နှင့်

(၆) ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မင်းလှရပ်ကွက်နေ ကျော်မင်းခန့်သည် ၎င်းအသုံးပြုသည့် “Kyaw Min Khant” Facebook အကောင့်တို့သည် အသိပေး သတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။