ကရင်ပြည်နယ်အတွင်း နောက်ဆုံးရ စစ်ရေးသတင်း

‼️Breaking News‼️

  • ယနေ့ နံနက် ၅ နာရီ ၄၀ မီးနစ်အချိန်တွင်ကော့ကရိတ်မြို့၊ ရုံးကြီးအနောက်ဘက်သင်္ချိုင်းနှင့် တမိုင်ကုန်းမှ လူသတ်အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့သည် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်လာ ၊
  • နံနက် ၅ နာရီ ၅၀ မီးနစ်အချိန်တွင် တမိုင်ကုန်းလမ်းဆုံ၊ ရွာသစ်ဘက်၌ တပ်မတော်စစ်ကြောင်းနှင့် လူသတ်အကြမ်းဖက်သောင်းကျန်း သူပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား ၊
  • ၉၇ တမိုင်ကုန်းသင်္ချိုင်းတွင် အကြမ်းဖက်ပူး ပေါင်းအဖွဲမှ ပတ်လည်ထိုးစစ်ဆင်တိုက်ခိုက်၊ တပ်မတော်မှ ဟန်ချက်ညီညီ တန်ပြန်တိုက်ခိုက် ၊
  • ကော့ကရိတ်မြို့၊ ဆောက်လုပ်ရေးရုံးအနီး လက်နက်ကြီးကျည်ကျရောက် ကလေးတစ်ဦးသေဆုံး၊ လနက ကျည်များ စုပေါင်းရုံးနောက်ဘက်ထိ ကျရောက် ၊
  • ယနေ့ နံနက်ပိုင်းက မြောက်ကမ္မရိုက်ဘုန်းကြီးကျောင်းတွင် လူသတ်အကြမ်းဖက်သောင်းကျန်း သူ ပူးပေါင်းအဖွဲ့ အင်အား ၅၀၀ ခန့် နံနက်စာ စားပြီး ၆ နာရီ ၄၅ မီးနစ်အချိန်ခန့်က စတင်ထွက်ခွာသွား၊ ကျုံဒိုး (သို) ကော့ကရိတ်ဘက်သို့ တိုက် ခိုက်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ထား၊
  • ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့် ကော့ကရိတ်မြို့၊ ကိုးတိုင်လမ်းဆုံတွင် DKBA ယူနီဖောင်းများနှင့် ဝင်ရောက်လာရာ တပ်မတော်ဖက်က လက်ဦးသွားရာ သကသ ၅ လောင်းရလိုက် ၊ ကျန်ထွက်ပြေးသွားတဲ့သကသများကို လိုက်ရှင်းနေဆဲ၊
  • ယမန်နေ့ ကျုံဒိုးတိုက်ပွဲတွင် ရဲစခန်းရှေ့ ဆရာမ မြင့်ခိုင် အိမ်ဘေး၌ သကသ အလောင်း တစ်လောင်းနှင့် ဗုံး တစ်လုံး ကျန်ခဲ့ကြောင်း သတင်းရရှိပါသည်။