ဒုတိယပိုင်းရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ ကာဂျစ္စတန်ကို သရေကစားနိုင်ခဲ့တဲ့ မြန်မာအသင်း

Hero Tri-Nation ပြိုင်ပွဲ ပွဲပြီးရလဒ်

မြန်မာ 🇲🇲 (၁-၁) 🇰🇬 ကာဂျစ္စတန်

မြန်မာအသင်းရဲ့ ဒုတိယပိုင်းကစားပုံဟာ တော်တော်လေးကောင်းမွန်ခဲ့ပြီး ကာဂျစ္စတန်အသင်း ဘာမှလှုပ်မရနိုင်အောင် အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ (၈၂)မိနစ်မှာ အောင်သူရဲ့ အပိုင်ကန်သွင်းချက်နဲ့ မြန်မာတို့ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးစက္ကန့်မှာ ခြေပဂိုးခွင့်ပြုခဲ့ရတာကြောင့် နိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒီနေ့ပွဲစဥ်မှာ မြန်မာအသင်း ဂိုးရနိုင်မယ့် အပိုင်အခွင့်အရေးတွေ အများအပြား ရရှိခဲ့ပြီး ပထမပိုင်းမှာ ကျော်မင်းဦးရဲ့ ပင်နယ်တီကန်သွင်းချက် ဘားထိထွက်ခဲ့ပြီး ဒုတိယပိုင်းမှာ အောင်သူရဲ့ အပိုင်ကန်သွင်းချက် လွဲချော်ခဲ့သလို လွင်မိုးအောင်ရဲ့ အပိုင်ကန်သွင်းချက်ကိုလည်း ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့်သာ မြန်မာအသင်း သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ ညာနောက်ခံလူ ဟိန်းဖြိုးဝင်းနဲ့ ကွင်းလယ်က ဝေလင်းအောင်တို့ကိုတော့ အကြိုက်ဆုံးပါပဲ။

crd;