မြန်မာ့ရိုးရာအတာသင်္ကြန်ကို ယူနက်စကိုတင်သွင်းနိုင်ဖို့ ဒီနှစ်သင်္ကြန်ကစပြီး Documentary ရိုက်ကူးထားမည်ဟုဆို”

မြန်မာ့ရိုးရာအတာသင်္ကြန်ကို ယူနက်စကိုတင်သွင်းနိုင်ဖို့ ဒီနှစ်သင်္ကြန်ကစပြီး Documentary ရိုက်ကူးထားမည်ဟုဆို”

မြန်မာ့ရိုးရာယဥ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အခုနှစ်ကျင်းပမယ့်သင်္ကြန်ပွဲတော်ကနေစပြီး မှတ်တမ်းတင် Documentary တွေ ရိုက်ကူးထားမှာဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။

မတ်လ (၂၃)ရက်က နေပြည်တော်ရှိ အမျိုးသားစာကြည်တိုက်မှာ ပြုလုပ်တဲ့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ (၇၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြောဆိုခဲ့တာပါ။

“မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေး WHC သို တင်သွင်းဖို့နဲ့ အတာသင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်ဝင်ရောက်နိုင်ရေး ဆောင်ရွက်ဖိုကလည်း အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်”လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။