မတ်လ ၂၅ ရက်နေ့ထူးခြားသတင်းများ

-သူ့အတွက် ရိုနယ်ဒိုကသာ ထာဝရ အကောင်းဆုံး ကစားသမားပါလို့ အိုဇေးလ် ပြော

– ကော့ကရိတ်-မြဝတီအာရှလမ်းအား KNU/PDF အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီးပြီး မြဝတီကုန်သွယ်ရေးဇုန်အား တိုက်ခိုက်

-စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၈)ဗိုလ်လောင်းသင်တန်းသားများ၏ ဗိုလ်လောင်းအဆောင် အယောင်တပ်ဆင်ခြင်းအခမ်းအနားအားကျင်းပပြုလုပ်

– ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာသုသာန်အနီး ရာဘာခြံ၌နေထိုင်သည့် ဒေါ်ခင်မိုးအေး(၅၉)နှစ် အား အကြမ်းဖက် PDF ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့်လာရောက်ပစ်ခတ်သဖြင့် သေဆုံး

– တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်ကမ်းရိုးတန်း ဒေသများနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး  ပြန်လည်ရောက်ရှိ

– (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းကြီးများအား မိဘပြည်သူ များ လာရောက်ဂုဏ်ပြုနိုင်

– ဘားအံမြို့တွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက်အပေါ် နှစ်ကုန်အကောင် အထည်ဖော်နိုင်မည့် အခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

– ရေတာရှည်မြို့နယ်တွင် တပ်မတော်နှင့် PDF တို့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၀ ဦး သေဆုံးတယ်ဆိုပြီး Khit Thit  media မှ သတင်းအမှားများအား ရေးသားဖြန့်ဝေလျှက်ရှိ

– အင်းတော်မြို့နယ်အတွင်းလုံခြုံရေးတပ်ဖွဲများနှင့် KIA ၁၈ ဦးတို့ မော်လူးရွာတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားပြီး KIA အလောင်း ၅ လောင်း၊ လက်လုပ်သေနတ် ၂ လက်နှင့် လက်လုပ်မိုင်း ၆ လုံးတို့အား သိမ်းဆည်းရရှိခဲ့

-ဈေးကွက်စီးပွားရေးကိုလေးစားပြီး ပြည်ပကုမ္ပဏီများအပေါ် မတရားဖိနှိပ်ခြင်းအားရပ်တန့်သင့်ဟု အမေရိကန်အား တရုတ်တောင်းဆို

-တရုတ်နိုင်ငံ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်စီမံကိန်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာခဲ့

– ဝမ်းတွင်းမြို့နယ်မှာ (၁၈) ယာဉ်တစ်စီး ဘီးပေါက်တိမ်းမှောက်ရာက မီးလောင်မှု ဖြစ်ပွား

– ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မတ်လ (၂၄)ရက်နေ့ကနေ (၂၅) ရက်နေ့အထိ (၂၄)နာရီကြာ တိုင်းတာရရှိသည့် လေထုအရည်အသွေးသည် PM10 ရှိပြီး နီညိုရောင်အဆင့် (Hazardous) ရှိနေပြီးကျန်းမာရေးကို ထိခိုက်နိုင်သည့် အခြေအနေတွင်ရှိနေ

– မြဝတီ- မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယာယီပိတ်ထားရာမှ နံနက် ၁၀ နာရီခွဲခန့်တွင် ပြန်လည် သွားလာခွင့်ပြုခဲ့ကြောင်း

-မြန်မာ့ရိုးရာအတာသင်္ကြန်ကို ယူနက်စကိုတင်သွင်းနိုင်ဖို ဒီနှစ်သင်္ကြန်ကစပြီး Documentary ရိုက်ကူးထားမည်

-အင်းအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်၍ ပါတီအားဖျက်သိမ်း