ရွေးကောက်ပွဲကြာလေ တိုင်းပြည်နာလေ

လက်ရှိမြန်မာ့နိုင်ငံရေးထွက်ပေါက်ဟာ ရွေးကောက်ပွဲကျင်းပ၊ရွေးကောက်ခံအစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဆိုတဲ့ ထွက်ပေါက်တစ်ခုသာရှိပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအမည်ခံ အကြမ်းဖက် မှုတွေနဲ့ ဒီမိုကရေစီဆိုတာ တခြားစီဖြစ်နေတဲ့အပြင် လက်နက်ကိုင်တော်လှန်ရေးနဲ့ အာဏာမရနိုင်ဘူးဆိုတာ ထင်ရှားနေတဲ့အတွက် လက်နက်ကိုင်လမ်းစဥ်ကြာလေ တိုင်းပြည်လူထုနစ်နာလေသာ ဖြစ်ပါတယ်။

အမေရိကန်အလိုကျ NUG, PDFက ရွေးကောက်ပွဲ ပျက်အောင်ဖျက်ဖို တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင်နည်းမျိုးစုံလုပ် နေမှာ ဖြစ်သလို တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရပြီး ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး လုပ်ဖို နစက မှာ တာဝန်ရှိနေပါ တယ်။

ပုဒ်မ၄၂၅အရ သာမန်မဟုတ်သောအခြေအနေအရဆိုပြီး ခြောက်လသက်တမ်းတိုးပြီးနောက်သာမန်အခြေအနေမရောက်သေးရင် နောက်ထပ်ခြောက်လလည်းထပ်တိုးလိုရနေတဲ့အတွက် ၂၀၂၄ ဇန်နဝါရီလကုန်အထိ သက်တမ်းတိုးလိုရတဲ့အနေအထားဖြစ်နေပါတယ်။

လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၄ အောက်တိုဘာမှာကောက်ယူမယ်လိုလည်း ပြောကြားထားတဲ့အတွက် ရွေးကောက်ပွဲဟာ၂၀၂၄ နိုဝင်ဘာမှာလုပ်မှာလား လို တွေးမြင်ချက်တွေလည်းရှိလာပါတယ်။

နစက ပြောကြားချက်များအရလည်း တည်ငြိမ်အေးချမ်းမှုအပြည့်အဝရမှသာ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအကြား အလပ်မရှိ ကျင်းပမယ်ဆိုတဲ့သဘောထား ဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းရေးဘယ်တော့ရမလဲ ဆိုတာပြောနိုင်မှ ရွေးကောက်ပွဲဘယ်တော့လုပ်နိုင်မလဲ ပြောနိုင်မယ့်သဘောဖြစ်နေပါတယ်။

တစ်ဘက်မှာလည်း အခြေခံဥပဒေနဲ့အညီ လို ဆိုထားတဲ့အတွက် အချိန်ကာလ ကန့်သတ်ချက်ဘောင် နဲ့ တည်ငြိမ်အေး ချမ်းရေးကိုဘယ်လိုထိန်းကျောင်းမလဲဆိုတာ စဥ်းစားစရာဖြစ်ပါတယ်။

အမေရိကန်လက်ပါးစေဖြစ်နေပြီဖြစ်တဲ့ NUG က တော့ မထူးဇာတ်ခင်းပြီးရှေ့ဆက်တိုးတော့မှာဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရပြီး ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်အောင် လုပ်ဖိုတာဝန်ရှိသူများကသာ တိုင်းပြည်နဲ့လူထု အကျိုးအတွက် ပြတ် ပြတ်သားသားလုပ်ဆောင်သွားကြဖို လိုအပ်နေပြီ ဖြစ်ပါတယ်။