မြန်မာ- ထိုင်းနယ်စပ် မြဝတီ- မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်ဖွင့်

မြဝတီ ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ဘက်တွင် ယနေ့ မတ်လ၂၅ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြန်မာ- ထိုင်းနယ်စပ် မြဝတီ- မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယာယီပိတ်ထားရာမှ နံနက် ၁၀ နာရီခွဲခန့်တွင် ပြန်လည် သွားလာခွင့်ပြုခဲ့ကြောင်း EMG သတင်းအရ သိရသည်။

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို လူနှင့် မော်တော်ယာဉ် အသွားအလာ ပိတ်ပင်ထားခဲ့ရာက နံနက် ၁၀ နာရီခွဲ ခန့်တွင် ပြန်လည်သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့အနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း၌လည်း ပုံမှန်ထက် လုံခြုံရေးတိုးမြင့်ကာ စောင့်ကြည့်လျှက်ရှိသည်ဟုလည်း ယင်းသတင်းအရ သိရသည်