မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကိုယ့်အပေါ်…
မေတ္တာအစစ်အမှန်ပေးတဲ့သူကို…
မပြစ်မှားပါနဲ့

မေတ္တာတရားဆိုတဲ့ စကားလုံးလေးဟာအင်မတန်မှကြားလို့ကောင်းတယ်
နာလို့ကောင်းတယ်

ခံယူလို့ကောင်းတယ်သိမ်မွေ့တယ်
နူးညံ့တယ်လို့ ခံစားရတယ်

ဒါပေမဲ့…..အင်မတန်ထက်မြက်တဲ့
ဓားတစ်ချောင်း….မိုးကြိုးတစ်စင်း
မုန်တိုင်းတစ်ခုလိုလည်းအန္တရာယ်
ရှိပါတယ်

စင်စစ် မေတ္တာတရားလို့ ရွတ်ဆိုလိုက်
လျှင်
သူနောက်မှာ စေတနာပါတယ်
စေတနာနဲ့ ကပ်လျှင်မှ
ဂရုဏာတရားပါတယ်
ဂရုဏာ ဆိုတဲ့သဘောတရားနောက်မှာ…
သနားကြင်နာမှုတွေကျန်သေးတယ်

ဒါနဲ့တင်မပြီးသေးဘူး
ကိုယ့်အတွက် ခွန်အားတချို့ကိုပါ
ဖြစ်တည်စေတယ်

ဒါကြောင့်
ရှေးပညာရှိတွေက ပြောကြတယ်
မတျတောမစူးစနေဲ့တဲ့…

မေတ္တာတရားကိုနားမလည်တဲ့သူ
တန်ဖိုးမထားတဲ့သူတွေဟာဝဋ် လည်တဲ့အပြင်

မေတ္တာတရားစူးရှတဲ့ဒါဏ်ကိုပါ…
ခံစားရတတ်တယ်

လောကမှာ တစ်ချို့သောလူတွေ
မေတ္တာတရားနားမလည်ကြဘူး

သူတို့ အတ္တတွေအတွက်
ကိုယ်ချင်းစာတရားနည်းပါးကြတယ်

သူတို့မာနအတွက်
တစ်ဖက်လူရဲ့ခံစားချက်ကို
မစာနာတတ်ကြဘူး

အဲ့ဒီလိုလူတွေဟာမေတ္တာစူးတတ်တယ်

ဒါကြောင့်ကိုယ့်အပေါ်ကို
မေတ္တာတရားထားပေးတဲ့သူ …
ဝေမျှပေးတဲ့ သူတွေကို…

မနာကျင်စေနဲ့
မထိခိုက်စေနဲ့
မလိုချင်ရင်တောင်
မစော်ကားမိစေနဲ့

ဝမ်းနည်းမှုတွေကို…
ပြန်မပေးမိစေနဲ့

အဲ့ဒီလူတွေမရှိတော့တဲ့
အချိန်ကာလတစ်ခုမှာ

ကိုယ်ပြုသမျှတွေကဝဋ်ကြွေး ပြန်လိုက်တတ်တဲ့အပြင်

မေတ္တာတွေက ပြန်လည်ပြီးစူးတတ်တယ်

အဲ့ဒီအချိန်ဟာ
လူးလိမ့်စွာနဲ့ခံစားရမယ့်အချိန်ပါပဲ

ဘဝမှာ
ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို
ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ

ကိုယ့်အတွက်
ပြန်လည်ပြီးပေးဆပ်ရမယ်ဝဋ်ကြွေးကံကြမ္မာတစ်ခုကိုအတ္တအတွက်နဲ့ရယူလိုက်ခြင်းပါလို့….

ကျေးဇူးတော်ရှင် #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #ဒေါက်တာနန္ဒမာလာဘိဝံသ 🙏🙏🙏