(၇၈)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကျင်းပမည်နေ့တွင် ရန်ကုန်- မန္တလေးလမ်းဟောင်းနေရာအချို့ ခေတ္တပိတ်ထားမည်

အသိပေးထုတ်ပြန်ချက်

(၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မတ်လ(၂၇) ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်းနေရာအချိုကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက အသိပေးထုတ်ပြန်ထားသည်၊၊

ရန်ကုန်-မန္တလေးလမ်းဟောင်း ပျဉ်းမနားမြိုနယ် ဘောဂသီရိမီးပွိင့်မှ ဇေယျာသီရိမြို့နယ် သိုက်ချောင်း လမ်းဆုံမီးပွိင့်အထိကို ယင်းနေ့ မနက် (၅) နာရီမှ (၁၀) နာရီအထိ ခေတ္တလမ်းပိတ်/လမ်းလွှဲထားမည်သည်၊၊

သိုဖြစ်သဖြင့် မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် နေပြည်တော်ဇေယျာသီရိမြိုနယ် သိုက်ချောင်းလမ်းဆုံမီးပွိင့်မှ နိဗ္ဗာန်လမ်း (မြိုပတ်လမ်း)အတိုင်း ခွာညိုပန်းအဝိုင်းအထိ၊၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်း ကုမုဒြာကြာပန်းအဝိုင်းအထိ ၊ရာဇဌာနီလမ်းအတိုင်း ပျဉ်းမနားမြိုနယ် ပန်းခင်းလမ်း မီးပွိင့်-ဘောဂသီရိမီးပွိင့်မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းသို့မောင်းနှင်ပေးကြရမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။