“ရွှေရည်ဝင်းထက်စံနှင့်စပ်လျဉ်း၍သိစေရန်”

ခုလူပြောများနေတဲ့ ရွှေရည်ဝင်းထက်စံကို ဒီနှစ်အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ်ပြန်ခေါ်သုံးမယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ရုပ်ရှင်အစည်းအရုံးရဲ့တာဝန်ရှိသူတစ်ဦးက အတိအလင်းပြောကြားခဲ့ပါတယ်။

သူမကို ၂၀၁၉ ခုနှစ်တုန်းက ရွှေကြိုအဖြစ်ယာထားရွေးချယ်ခဲ့တာမှန်ပေမယ့် အဲ့ဒိနှစ်ကစပြီး Covid ကြောင့် မကျင်းပခဲ့တဲ့အတွက် ရွှေကြို List ဟာလည်းအလိုအလျောက်ပျက်ပြယ်ခဲ့ပြီးဖြစ်ပါတယ်။

ခု ဒီနှစ်ဟာ ၂၀၁၉ -၂၀၂၂ နှစ်များအတွက် ပြန်လည်စုပေါင်းကျင်းပမှာဖြစ်တဲ့အတွက် အစည်းအရုံးက လူမှုရေးယဥ်ကျေးမှုအရသာ ၂၀၁၉ က ရွေးချယ်ခံခဲ့ရသူတွေထဲက လက်ရှိသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့ ကိုက်ညီသေးသူတွေရှိခဲ့လို ပြန်ယှဥ်ပြိုင်အရွေးခံလိုသူတွေရှိခဲ့ရင် Mar 20th နောက်ဆုံးထားပြီး လာရောက်စာရင်းပေးဖို ခြုံငုံအသိပေးခြင်းသာဖြစ်ပါတယ်။

အဲ့ဒိစာရင်းကလည်း ၂၀ ရက်နေ့ထဲကပိတ်သွားပြီဖြစ်သလို ရွှေရည်ဝင်းထက်စံကလည်းစာရင်းလာမပေးခဲ့ပါဘူး။
တစ်ကယ်လိုသူမက လာအရွေးခံဖိုစာရင်းပေးခဲ့ရင်လည်း သူမဟာ နိုင်ငံရေးတွေမှာပါဝင်ပါတ်သက်ထားသူမို စည်းမျဥ်းနဲ့ မကိုက်ညီတဲ့အတွက် Black List ထဲမှာပါပြီးသားမို စာရင်းသွင်းခွင့်ပြုမှာမဟုတ်ပါဘူး။

လူသစ်တွေရွေးချယ်ခြင်းဟာလည်း Mar 24th မှာထဲက ပြီးစီးသွားပြီဖြစ်ပါတယ်။

ခုနှစ်အကယ်ဒမီပေးပွဲဟာလည်း ယ္ခင်နှစ်တွေလိုမဟုတ်ဘဲ ဖိတ်ကြားထားသူအားလုံးကို တင်းကြပ်တဲ့လုံခြုံရေးစနစ်တွေနဲ့ စစ်ဆေးမှာဖြစ်ပြီး ကြိုတင်ပေးထားတဲ့ Security Clearances Cards တွေကိုင်ဆောင်လာသူများကိုသာဝင်ခွင့်ပြုမှာဖြစ်တာမို အရင်လို နီးစပ်ရာမိတ်ဆွေမိသားစုတွေကို ခေါ်ချင်တိုင်းခေါ်လာလိုမရအောင်လည်း အထူးစီစဥ်ကြပ်မတ်ထားပါတယ်။

ဒါကိုမူတည်ပြီးဖြစ်ပေါ်နေတဲ့ကောလဟာလတွေအတွက် ရုပ်ရှင်အစည်းအရုံးရဲ့တာဝန်ရှိသူများကိုယ်စား အများပြည်သူသိရှိအောင် အသိပေးဖြေရှင်းပေးလိုက်ပါတယ်ခင်ဗျ။