ညောင်ကုန်းရွာ၌ တိုက်ပွဲဖြစ်ပွား

မတ်လ ၂၂ရက်က ကရင်ပြည်နယ် ဘားအံမြို့နယ် ညောင်ကုန်းရွာ၌ တပ်မတော်တပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်လျက်ရှိစဉ် နေရာ ၂ နေရာမှ KNLA တပ်မဟာ(၁) ၊ တပ်ရင်း(၁) နှင့် PDF ပူးပေါင်းအင်အား ၄၀ ဦးခန့်တို့က ဒရုန်း ၂ စီးဖြင့် ဗုံး ၈ လုံးဖြင့် လာရောက်ပစ်ခတ်သဖြင့် တပ်မတော်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ KNLA နှင့် PDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး-

အမ်အေ(၁) ၁ လက်
အမ်ကေ(၁၂) ၁ လက်
ကျည်အိမ် ၂ ခု
ကျည် ၂၂ တောင့်တို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သည် ၂ ဦးမစိုးရိမ်ရဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်…