“စောင်နီလေးတစ်ထည် ဇာတ်ကားဟာ ဘယ်လိုဇာတ်ကားမျိုးလဲ”

ကိုတင်အောင်စိုးရဲ့လက်ရာ စောင်နီလေးတစ်ထည် ဟာ ကျွန်တော်ကြိုတင်မျှော်လင့်ထားတာနဲ့ လုံးဝကွဲပြားခြားနားနေခဲ့ပါတယ်။

ကိုတင်အောင်စိုး ရိုက်တဲ့စစ်ကားဆိုတာနဲ့ ကျွန်တော့်ရင်ထဲက Expectation က D.P (Director Of Photography) ဓါတ်ပုံပညာပိုင်းဆိုင်ရာရိုက်ကူးတင်ပြမှု သိုမဟုတ် Technical Directing နည်းပညာပိုင်းဆိုင်ရာရိုက်ကူးတင်ပြမှုတွေကို ပိုကြိုမျှော်လင့်ထားခဲ့မိပါတယ်။

အထူးသဖြင့် ဒီကားဟာ ဖြစ်ရပ်မှန်တွေကို အခြေခံထားတာမို ရုပ်ရှင်ထက် Documentry ဆန်လိမ့်မယ်လိုမျှော်လင့်ထားမိတာလည်းပါပါတယ်။

ဒါပေမယ့် ဇာတ်ကားစစခြင်း မိနစ်အနည်းငယ်အတွင်းမှာဘဲ မျှော်လင့်မထားတဲ့ အချိုးအကွေ့တစ်ခုကနေ ဇာတ်လမ်းရဲ့ Tempo က ဝုန်းကနည်းမြင့်တက်သွားခဲ့ပါတယ်။

(အပြင်မှာတစ်ကယ်ဖြစ်ခဲ့တာက အများကြီးပိုရက်စက်ပါတယ်)

တစ်ဖြေးဖြေးနဲ့ဘဲ ဇာတ်လမ်းနဲ့ ဇာတ်အိမ်ထဲက Characters တွေအားလုံးဟာ ပြိုင်တူရုပ်လုံးကြွလာခဲ့ကြတာကိုခံစားရပါတယ်။

ထူးခြားတာက Director ကိုတင်အောင်စိုး ဟာ ဒီကားမှာ သူ့မူလ “ဟန်” Signature ဖြစ်တဲ့ War Action ပုံစံမျိုးကနေခွဲထွက်ပြီး Heavy Drama ဆန်ဆန် ခံစားချက်ကို အဓိကအသားပေးဖေါ်ကျူးတင်ဆက်ထားတာပါဘဲ။

ဒီဇတ်ကားမှာ ဖန်တီးသူဟာ Direct Propaganda တွေလုံးဝမပါသလောက်ပါးပါးလေးဘဲထည့်ပြထားပြီး ပေးချင်တဲ့ Message ကို ပရိသတ်ရဲ့ရင်ထဲကို အနူးညံ့ဆုံးနဲ့ နက်ရှိင်းစွာထိုးစိုက်ဝင်ရောက်စေနိုင်ခဲ့ပါတယ်။

အဲ့ဒါကဘာလည်း ???

“မေတ္တာတရား” ဘဲဖြစ်ပါတယ်။

ဒီကားဟာ
မေတ္တာတရား နဲ့ ဒေါသမာန်ဟုန်
ခွင့်လွှတ်ခြင်း နဲ့ အငြှိးအာဃာတ
အချစ် နဲ့ အမုန်း
စစ် နဲ့ ငြိမ်းချမ်းရေး
စတဲ့ မတူညီတဲ့ ခံစားမှုတွေအားလုံးတစ်နေရာထဲမှာ ပြင်းထန်စွာတိုက်ခတ်မိတဲ့ ဆုံမှတ်တစ်ခုကိုရောက်သွားသလို ခံစားချက်မျိုးကိုပေးနိုင်တဲ့ ထူးခြားတဲ့ရသတစ်ခုပါရှိပါတယ်။

ဒီကားနဲ့ပါတ်သက်ပြီး အဓိကမှတ်ချက်ပေးချင်တာတွေကတော့
Director တင်အောင်စိုး (ပန်းမြိုတော်) ရဲ့ ထူးခြားပြောင်မြောက်တဲ့ Art Directing အနုပညာပိုင်းဆိုင်ရာ ဖန်တီးသင်ပြမှုတွေနဲ့အတူ..

ရန်အောင် စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ တိုရဲ့ မိဘတွေရဲ့ခံစားချက်တွေကို ဝါရင့်သရုပ်ဆောင်ပီပြင်စွာ ဖေါ်ဆောင်နိုင်မှု
တပ်ကြပ်ကြီးအဖြစ်သရုပ်ဆောင်တဲ့ ကျော်ဇောဟိန်းရဲ့ စစ်သားပီသတဲ့စိတ်ဓါတ်မာကျောမှုကိုသရုပ်ဖေါ်ဆောင်နိုင်မှု
ဗိုလိကြီးအဖြစ်သရုပ်ဆောင်တဲ့ နက္ခတ် ရဲ့ ခံစားချက်ကို တာဝန်နဲ့ ထိန်းချုပ်နိုင်မှုကို သရုပ်ဖေါ်ဆောင်မှု
ကျန်တဲ့ L နေနော် L ဆိုင်းဇီ နေရောင် သီဟနိုင် စတဲ့ ဇာတ်ပိုဇာတ်ရံများရဲ့ အပိုအလိုမရှိတဲ့ ကြိုးပန်းအားထုတ်မှုတွေနဲ့အတူ ရင်ထဲကို Emotions တွေအရှိန်ပြင်းပြင်းနဲ့ တိုးဝင်စွဲထင်ကျန်ရစ်ခဲ့စေနိုင်စွမ်းရှိတဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ချီးကျူးအသိအမှတ်ပြုမိပါတယ်။

ဒီဇာတ်ကားဟာ Director ရဲ့ အနုပညာရသမြောက်အောင်အထူးဖန်တီးကြိုးစားအားထုတ်ထားမှုကို ထင်ရှားစွာခံစားရစေတာမို ယ္ခုနှစ်အကယ်ဒမီ စံချိန်တင်သင့်တဲ့ဇာတ်ကားတစ်ကားအဖြစ် ထည့်သွင်းစဥ်းစားပေးဖိုကိုလည်း ရုပ်ရှင်အစည်းအရုံးနဲ့ တာဝန်ရှိသူများကိုပါ အလေးအနက်အကြံပြုလိုပါကြောင်း အထူးတိုက်တွန်းပြောကြားလိုပါတယ်။

(မှတ်ချက်)

ဒီစာစုဟာ ဇာတ်ကားမကြည့်ရသေးတဲ့သူတွေအတွက် အမြည်းသဘော Preview သာဖြစ်တာမို အသေးစိပ်ဝေဖန်သုံးသပ်မှုတွေကို ထည့်သွင်းဖေါ်ပြထားခြင်းမပါဝင်သေးပါဘူး။
ဒီလိုရုပ်ရှင်မျိုးဟာ ရုံကြီးတွေမှာကြည့်ရှုနိုင်ရင်တော့ ရုပ်ရှင်ရဲ့အရသာကိုပိုမိုပြည့်ဝစွာခံစားရစေမှာမို လက်ရှိရုံတင်နေဆဲအချိန်အတွင်း ရုံမှာသွားကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလိုလည်း ရုပ်ရှင်ပရိသတ်များအားလုံးကို အကြံပေးလိုပါတယ်။

ထာဝရမေတ္တာဖြင့်

(မျိုးချစ်မြန်မာ)