ယောကျ်ားလေး ရင်ချင်းဆက်အမြွှာကလေးငယ်ကို မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့

ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)မှာ မတ်လ ၂၁ ရက် မနက် ၁၁ နာရီကျော်အချိန်ခန့်က ရင်ချင်းဆက်အမြွှာ (R/N- 1513, G1P0 at MBD 35+2 with conjointed twins with GDM ) ယောက်ကျားလေး ၂ ဦးကို ဆေးရုံတာဝန်ရှိသူတွေက အောင်မြင်စွာခွဲစိတ် မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရင်ချင်းဆက်အမြွှာကလေးငယ်ကို မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းမြို့မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မိခင်တစ်ဦးက မွေးဖွားခဲ့တာဖြစ်ပြီး ကိုယ် အလေးချိန် (3.8Kg) ရှိတယ်လို့ဆိုပါတယ်။

လက်ရှိမှာ မိခင်ရော ကလေးငယ်တွေပါ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)ရှိ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) မှာထားရှိကာ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)နဲ့ ကုတင်(၅၅၀) ကလေး ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အနီးကပ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

crd;