KNDF/PDF အကြမ်းဖက်အဖွဲ့မှ ဘော်လခဲ -ဖားဆောင်းသွားကားလမ်းဘေးရှိ ချိကွဲ(ပွန်ချောင်း)ကြိုးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မတ် ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့် တွင် KNDF/PDF အကြမ်းဖက်ပူးပေါင်းအဖွဲမှ ဘောလခဲမြို့နယ်၊ ဘောလခဲ-ဖားဆောင်းသွား ကားလမ်းဘေး ဒေသအခေါ် ၆၁ မိုင်အနီး ရှိ အရှည် ၂၀၀ ပေ၊ အကျယ် ၅ ပေ ရှိသော ချိကွဲ (ပွန်ချောင်း) ကြိုးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် အဆိုပါတံတားဖျက်ဆီးခံရမှုကြောင့် ဒေသရှိကျေးရွာ‌နေပြည်သူများအနေဖြင့်နှမ်းစိုက်ပျိုးရန်အတွက် မြေပြုပြင်ခြင်းများဆောင်ရွက်‌နေချိန်ဖြစ်ပြီး တောင်ယာလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ပွန်းချောင်းအားဖြတ်သန်းသွားလာရန် ခက်ခဲလျက်ရှိကြောင်းသိရှိရပြီး ပြည်သူကိုဒုက္ခပေးတဲ့ KNDF/PDFအကြမ်းဖက်အဖွဲရဲ့လုပ်ရက်ဟာတစ်နေ့တခြား ပိုမိုဆိုးရွားလာတာကိုတွေ့ရှိရပါသည်။