ရှမ်းပြည်နယ်ရှိ မြို့တိုင်း၌ သင်္ကြန်မဏ္ဍပ်များ စည်ကားအောင် ဆောင်ရွက်မည်ဖြစ်

ယခုနှစ်တွင် ရှမ်းပြည်နယ်ရှိ မြိုတိုင်း၌ ဝန်ကြီးချုပ် ဦးဆောင်ကာ သင်္ကြန်မဏ္ဍပ်များကို စည်ကားအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အင်းလေး ရေပေါ် သင်္ကြန်ကိုလည်း ပြန်လည်ကျင်းပရန် စီစဉ်ထားကြောင်း အဆိုပါ တိုင်းဒေသကြီး၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တိုက ထူးထူးခြားခြား ရေပေါ်သင်္ကြန် လုပ်ဖို ရှိပါတယ်။ အင်းလေးထဲမှာ။ နန်းပန်နားမှာ လွန်ခဲ့တဲ့ လေးနှစ်လောက်က တစ်ကြိမ် လုပ်ခဲ့ဖူးပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကိုဗစ် အခြေအနေနဲ့ ဘာနဲ့ မလုပ်ဖြစ်တော့ဘူး။ ဒီနှစ်မှာတော့ အင်းလေးဒေသကို ခရီးသွားတွေနဲ့ ပြန်စည်ကားအောင် ရေပေါ်သင်္ကြန် လုပ်ဖိုရှိပါတယ်” ဟု အထက်ပါ တာဝန်ရှိသူကပြောပါတယ်။

ထို့အပြင် သင်္ကြန်ကာလအတွက် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဟိုတယ်အားလုံးတွင် Booking များ ပြည့်နေပြီး ဧည့်သည်အများအပြား ဝင်လာမည်ဟု မျှော်လင့်ထားကြောင်းပြောပါတယ်။

“ဒီနှစ်သင်္ကြန်မှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကြီး လမ်းညွှန်ချက်အရ ဝန်ကြီးချုပ်ကြီး ဦးဆောင်ပြီးတော့ မြိုတိုင်း မြိုတိုင်းမှာ သင်္ကြန်မဏ္ဍပ်တွေကို စည်ကားအောင် လုပ်သွားဖို အစီစဉ် ရှိပါတယ်။ တောင်ကြီးဆိုလည်း တောင်ကြီးမှာ ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ် ၇ ခု ၈ ခု လောက် အထိကို နိုင်ငံကျော် အဆိုတော်တွေလည်း ပါမယ်။ ဒေသခံ အဆိုတော်တွေလည်း ပါမယ်” လို့ သိရပါတယ်။