သထုံမြို့နယ်၊ ဆူးအင်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

သထုံမြို့နယ်၊ ဆူးအင်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်မှာ မတ်လ ၂၁ ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“မနေ့က မနက် ၁၁ နာရီလောက်မှာ ပေါက်ကွဲသံကြားလိုက်ရတယ်။ နောက်မှ Mytel ဖုန်းတာဝါတိုင် မိုင်းခွဲခံရတယ်လို သိရတယ်။ တာဝါတိုင်က ဆိုင်းကြိုးတွေနဲ့ဆိုတော့ လဲတော့ မသွားဘူး။ တိုင်ခြေ‌မှာတော့ ပျက်ဆီးမှုတွေရှိခဲ့တယ်လို သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသို Mytel ဖုန်းတာဝါတိုင်ခြေတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် Signal လိုင်းများ ပြတ်တောက်သွားကြောင်း နှင့် သက်ဆိုင်ရာမှ Signal လိုင်းများပြန်လည်ရရှိရန် ပြုပြင်မှုများလုပ်ဆောင်နေကြောင်း သိရသည်။