သန်လျင်မြို့တွင် သူယ်ချင်းရေနစ်သည်ကို ကယ်ဆယ်ရင်း နှစ်ဦးလုံး ရေနစ်သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ အမျိုးသားသူငယ်ချင်းတွေ ရေကန်မှာ ရေသွားကူးရာက ရေနစ်သူ ၁ ဦးကို လိုက်ကယ်သူအပါအဝင် လူ ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က မတ်လ ၂၀ ရက် ညနေ ၄ နာရီခန့်က သန်လျင်မြို့၊ ပဲခူးစုရပ်ကွက်က စက်ကန် ၂ မှာ သူငယ်ချင်း ၃ ဦး စုပြီး ရေဆင်းကူးခဲ့ရာ တစ်ဦးရေနစ်နေတာကို နောက်တစ်ဦးကို လိုက်လံကယ်ဆယ်ရင်း နှစ်ဦးလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၀ နှစ်အရွယ်နဲ့ ၃၄ နှစ်အရွယ် သင်္ဘောသား အမျိုးသား ၂ ဦးဖြစ်ပြီး သူတိုရဲ့ ရုပ်အလောင်းတွေကို ရေကန်ထဲက ပြန်လည်ဆယ်ယူဖို့ရှာဖွေနေပါတယ်။လက်ရှိမှာ ရုပ်အလောင်းတစ်လောင်းကို ဆယ်ယူရရှိထားတယ်လို သိရပါတယ်။