နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်တွင် မိုင်းပေါက်ကွဲ၍ အရပ်သား ၃ ဦး သေဆုံး

မတ်လ ၂၀ ရက်က ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ညောင်ကုန်းတံတားရှောင်ကွင်းလမ်း၌ မိုင်းပေါက်ကွဲသံကြားရ၍ လုံခြံရေးတပ်ဖွဲ့ ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ-

ကျောက်ကြီးမြို့ဘက်မှ နတ်သံကွင်းဘက်သို့ မောင်းနှင်လာသည့် လိုက်ထရပ်ယာဉ်သည် တံတားရှောင်ကွင်းလမ်းနေရာတွင် KNLA တပ်မဟာ ၃ ၊ တပ်ရင်း ၈ မှ ထောင်ထားသည့် ဒေသန္တရ ကားမိုင်း ၁ လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ယာဉ်ပေါ်ပါ အရပ်သား ၃ ဦး(ကျား ၂ ဦး၊ မ ၁ ဦး) သေဆုံးခဲ့ပြီး ၂ ဦး စိုးရိမ်ရ ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်…