ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာတွင်အကြမ်းဖက် PDF ၂ယောက်ဖမ်းဆီးရမိ

ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာတွင် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်လေ့ရှိသော PDF အကြမ်းဖက် ခိုအောင်းနေကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲဝင်များမှ ၎င်းကျေးရွာသို့ သွားရောက်ရှာဖွေခဲ့ရာ နိုင်ထူးအောင်(ခ) ဒိုဒို နှင့် ဖိုးသဇင်တိုအား ပစ္စတို သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၀ တောင့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူ အမှုဖွင့် ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။