မန္တလေးက တိုင်းပို့ဆောင်ရေးရုံးအား အကြမ်းဖက် PDF က လက်ပစ်ဗုံး နဲ့ ပစ်၊ ဝန်ထမ်း ၄ ဦးဒဏ်ရာရ

မတ်လ ၂၀ ရက် မနက် ၁၁ နာရီခန့်က မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၈၃ လမ်း၊ ၃၄၃၅ လမ်းကြားမှာရှိတဲ့ တိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီးဌာရုံးကို အကြမ်းဖက် Pdf တစ်ဦးက ရုံးထဲဝင်ရောက်ကာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့ပြီး ဝန်ထမ်း ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် တိုင်းပို့ဆောင်ရေးရုံးရဲ့ အတွင်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးမှာရှိတဲ့ ဒုဦးစီးမှူး ၁ ဦး၊ အကြီးတန်းစာရေး ၁ ဦးနဲ့ အငယ်တန်းစာရေး ၂ ဦးတို ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဗုံးနဲ့ လာရောက်ပစ်ခတ်သူကို ဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသွားတဲ့ ဝန်ထမ်းသုံးဦးကိုတော့ မန္တလေးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။