ဒါရိုက်တာစတီး ဖမ်းဆီးခံရ

ဒီနေ့ မတ်လ ၂၀ ရက် နေ့လယ်ပိုင်းမှာ ဒါရိုက်တာစတီး နေထိုင်ရာ သန်လျင်မြို့နယ်က နေအိမ်ကို လခရ တပ်ဖွဲ့ဝင်တွေက လာရောက်ရှာဖွေခဲ့ပြီးနောက်မှာ ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

လာရောက်ဖမ်းဆီးချိန်မှာ ဒါရိုက်တာစတီးဟာ နေအိမ်မှာ မရှိတာကြောင့် နေအိမ်ကို ချိပ်ပိတ်မယ်ဆိုကာ ဖုန်းဆက်ခေါ်ခိုင်းပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

ဒါရိုက်တာစတီးဟာ အကြမ်းဖက်အားပေး မီဒီညာတွေရဲ့ ပိုစ်တွေ share ခြင်း နိုင်ငံတော်ကို အကြိမ်ကြိမ်စော်ကားခြင်းအကြမ်းဖက်‌ထောက်ပံ့ခြင်း များကြောင့် ဖမ်းဆီးခံရတယ်လို့ ကနဦးသတင်းသိရှိရပါတယ်။

ဒါပေမယ့် ခံဝန်ထိုးပြီး ၂၄ နာရီအတွင်း ပြန်လွှတ်ပေးလိုက်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။