ရွှေကို နိုင်ငံတကာအဆင့်မီစျေးသတ်မှတ်ဖို့ ဗဟိုဘဏ်က လုပ်ငန်းအဖွဲ့တွေဖွဲ့မယ်

မြန်မာ့ရွှေကို နိုင်ငံတကာအဆင့်မီစျေးသတ်မှတ်ဖို့နဲ့ အလေးချိန် စံချိန်စံနှုန်းတွေ သတ်မှတ်ရေး လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်က ဦးဆောင်ပါဝင်တဲ့ ရွှေ နဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီဟာ ပြည်တွင်းရွှေဈေးကွက်နဲ့ ပတ်သက်ပြီး ရွှေဈေးသတ်မှတ်ပုံ၊ စံချိန်စံနှုန်း အရည်အသွေးနဲ့ ရွှေသန့်စင်ထုတ်လုပ်မှုကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ မတ်လ ၁၈ ရက်က ထုတ်ပြန်ပါတယ်။