ရန်ကုန်မြို့ရဲ့ ပထမဆုံး EV Charging Station စတင်ဖွင့်လှစ်

ရန်ကုန်မြို့မှာ လျှပ်စစ်ကားတွေအတွက် ပထမဦးဆုံး EV Charging Station ကို ရန်ကုန်ဘူတာကြီးမှာ မတ်လ ၁၉ ရက် နံနက်ပိုင်း စတင်ဖွင့်လှစ်လို့ သိရပါတယ်။

“ရန်ကုန်ဘူတာကြီးရှေ့ ရှိ Public charging station for EV car ဖွင့်ပွဲပါ။ ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ်တဲ့ အများပြည်သူသုံး Charging Station ပါ။ Essential Motors ရဲ့ BYD EV taxi ကားများရဲ့စုရပ်အနေနဲ့ အသုံးပြုပြေးဆွဲသွားမှာဖြစ်ပါတယ်”လို့ Farmer Auto Showroom က Chief Executive Officer ဒေါက်တာ စိုးထွန်းက ပြောပါတယ်။