နမ့်နိန်ကအစုလိုက်အပြုံလိုက်လူသတ်မှုဖြစ်စဥ် တရားခံဘယ်သူလဲ

၂၄.၂.၂၀၂၃ ရက်နေ့မှ ယနေ့အချိန်ထိ တိုက်ပွဲများဆက်တိုက်ပြင်းထန်နေတဲ့ ပင်လောင်းမြိုနယ် လုံးပျဥ်အုပ်စု ကောင်မဲသင်း၊ လုံးပျဥ်၊ နမ်းနိန်၊ပင်ပွံ စသည့်ကျေးရွာများအားလုံးဟာ ယနေ့အချိန်တွင် ကျေးရွာမှာမနေရဲတော့ဘဲ အားလုံးထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဆိုပါကျေးရွာအားလုံး၏ ရွာပတ်ဝန်းကျင်ရဲ့ စိုးမိုးကုန်းအားလုံးနဲ့ ကျေးရွာတွင်းလူနေအိမ်များ ဘာသာရေးအဆောက်အဦးများမှာ လက်နက်ကိုင်အဖွဲ့ဖြစ်ကြတဲ့ KNDFနဲ့ ပူးပေါင််းအဖွဲများက နေရာယူထားလိုဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် အဆိုပါကျေးရွာများကို KNDFနဲ့ပူးပေါင်းအဖွဲ့က ထိန်းနိုင်နေသည့်သဘောဖြစ်ပါတယ်။

KNDF နဲ့ပူးပေါင်းအဖွဲ့များက အဆိုပါကျေးရွာများကို စိုးမိုးနိုင်ဖိုနည်းလမ်းက ရိုးရှင်းပါတယ် အစက လက်နက်အနည်းငယ်နဲ့ အရပ်ဝတ်ဖြင့်ဝင်လာတယ် အ‌ခြေအနေကောင်းပြီဆိုရင် လက်နတ်အပြည့်အစုံနဲ့ လူအင်အားအလုံးအရင်းဖြင့်ဝင်လာတယ် ပြီးရင်တိုက်ပွဲဖော်ဆောင်တယ် နေရာကောင်းရထားတော့ နေ့ဘက်ခင်းလက်နက်သေးနဲ့ လာတိုက်တဲ့အဖွဲကို လွယ်လွယ်နဲ့ ချေမုန်းလိုရတယ်။ ရွာသားကကြောက်တော့ ထွက်ပြေးကတယ် အဲဒီအချိန်မှာ စားသောက်စရာများနဲ့ သွားလာဖိုအတွက် မော်တော်ယဥ်များနဲ့ စက်သုံးဆီများအတွက်မပူရတော့ဘူး ကျေးရွားတွင်းလူနေအိမ်များနဲ့ စျေးဆိုင်များမှာ အလွယ်တကူရနေလိုပါဘဲ။

တချိုရွာသားများက အိမ်မှာမနေရဲလို ဘုန်းကြီးကျောင်းမှာနေရင် လက်နတ်ကိုင်များမလုပ်ဘူးထင်လို ဘုန်းကြီးကျောင်းမှာ ကပ်နေကြတယ် သူတိုဟာတစ်ဖက်တစ်လှမ်းကနေ သံဃာများကို ဆွမ်းဟင်းများနဲ့ လိုအပ်သည်များကို ဖြည့်ဆည်းပေးဖိုလည်းပါတယ်။ KNDF နဲ့ပူးပေါင်းအဖွဲ့များကတော့ ကျေးရွာတွင်းမှာ တပ်စခန်းတည်ဆောက်ထားဒါဆိုတော့ ရွာတွင်းတွင်မှာ ပြည်သူရှိဒါမလိုချင်ဘူး ဘာလိုလည်းဆိုတော့ သူတိုစားနှပ်ရိက္ခာများနဲ့ စက်သုံးဆီများ နဲ့တန်ဖိုးရှိပစ္စည်းများကို ပြည်သူနေအိမ်များမှာ လုယူထားသည်ကို ရွာသားများမြင်မှာဆိုးလိုပါဘဲ။ တစ်ချိုရွာသားများ ထွက်မပြေးတော့ သူတိုနေတိုင်းပြည်သူနေအိမ်များမှာ လုယူသွားသည်ကို နေ့တိုင်းမြင်နေရတယ်လေ။ ဒီကိစ္စတွေကို အပြင်မရောက်နိုင်အောင် သံဃာအပါအဝင် ရွာသားအားလုံးကို ရှင်းလိုက်ဒါဖြစ်ပါတယ်။ မီလိမ်ညာများလည်း သူတိုဖက်ပါနေတော ပိုဆိုးတာပေါ့။

သံဃာများ အပြစ်မဲ့ပြည်သူများ ရက်စက်စွာ သတ်ဖြတ်သည့် အဖွဲ့အစည်း ပြည်သူစည်းစိမ်ဥစ္စာများ လုယူသည့် အဖွဲ့အစည်း ကျဆုံးပါစေ။
PNA လုပ်ရင် PNA ကျဆုံးပါစေ။ KNDF PDF လုပ်ရင် KNDF PDF ကျဆုံးပါစေ။