မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

လိပ်ပြာလုံဖို့ပဲ လိုတာပါ

အထင်ကြီးခံရဖို့ကြိုးစားတာဟာ
ကိုယ့်ဘဝကို ပင်ပန်းစေပါတယ် ။

ကိုယ့်ကို အကောင်းမြင်ခံရဖို့အတွက်
ဟန်ဆောင်နေရတာဟာလည်း
မလွတ်လပ်မပေါ့ပါးခြင်းတစ်မျိုးပါပဲ ။

ကိုယ့်မှာကောင်းတဲ့အလုပ်တစ်ခုခုကို
တန်ဖိုးထားပြီး တည်ဆောက်ထားရင်
ကိုယ့်အရည်သွေးဟာ မညံ့ပါဘူး ။

သူများအထင်ကြီးခံအောင်မနေပါနဲ့
ကိုယ်ကောင်းအောင်သာနေပါ ။

ကိုယ့်မှာကောင်းတဲ့ဂုဏ်တစ်ခုရှိရင်
သူများမသိလည်း ကျေနပ်စရာပါ ။

ကိုယ်ကောင်းပါတယ်လို့
အထင်ကြီးအောင်ပြောစရာမလိုပါဘူး ။

ကိုယ်ကောင်းမကောင်း
ကိုယ့်ဘ၀ရဲ့အကြောင်းတရားအမှန်ကို ကိုယ်သာအသိဆုံးပဲဖြစ်လို့

ဟန်ဆောင်လိမ်လည်မှုမရှိရင်
ဘယ်သူမှအထင်မကြီးခံရရင်တောင်
ကိုယ့်ဘ၀က လိပ်ပြာလုံနေပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏