ဟဲဟိုးမြို့ ကံတလိဘုန်းတော်ကြီးကျောင်းတွင် ရှင်သာမဏေတစ်ပါးဓာတ်လိုက် သေဆုံးမှုဖြစ်ပွား

ဟဲဟိုးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကံတလိဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ယနေ့ နံနက် ၇ နာရီခွဲတွင် ရှင်သာမဏေတစ်ပါး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပြီးဖြစ်စဉ်မှာ ရှင်ဥတ္တမ (၁၀)နှစ်၊ ဝါတော် (၃)ဝါ၊ ပအိုဝ့်/ဗုဒ္ဓ၊ (၄)တန်း ကျောင်းသားသည် ကျောင်းတိုက်အတွင်း တစ်ပါးတည်းဆော့ကစားနေစဉ် အဂန္တု ကျောင်းတိုက်မှတစ်ဆင့် ကျောင်းထိုင် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒ(၆၉)နှစ်၊(၄၄)ဝါ၊ နှစ်ထပ်ကျောင်းတိုက်သို့ သွယ်တန်းထားရာမှ ပြတ်ကျနေသော လျှပ်စစ်စီးဝင်နေသည့် ကြေးနန်းဓါတ်ကြိုးအား သွားကိုင်မိရာမှ ဓါတ်လိုက်ခံရပြီး ရှင်ဥတ္တမတွင်နှုတ်ခမ်းများညိုမဲလျက် နေရာတွင် သေဆုံးခဲ့ကြောင်း နှင့် အလောင်းအား မြတ်စေတနာ လူမှုကူညီရေးယာဉ်ဖြင့် ၇ နာရီ ၅၀ တွင် ဟဲဟိုးဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရှိရပါသည်။