အာဟာရချို့တဲ့မှုမဖြစ်ဖို့ ငါးများများ စားကြစို့..

ကိုယ်ဝန်စရှိတဲ့အချိန်ကနေ ကလေးအသက် (၂) နှစ်အထိ ရက်ပေါင်း ၁၀၀၀ အတွင်း ငါးကလေးများ ကို ပုံမှန်စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှုကို ကာကွယ်နိုင်ပါတယ်။

ဘယ်လိုငါးအမျိုးအစားတွေကို စားသင့်တယ်၊ ဘယ်လိုအာဟာရဓာတ်တွေကို ရနိုင်တယ် ဆိုတာတွေ ကိုတော့ အောက်က ပိုစတာလေးထဲမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ 

နေ့စဉ်ထမင်းဟင်းစားတဲ့နေရာမှာ အရိုးပါစားနိုင်သောငါးကလေးများနဲ့ ဟင်းသီးဟင်းရွက်များရောပြီး တွဲဖက်စားသုံးခြင်းက ညီညွတ်မျှတတဲ့အာဟာရတွေကို ရရှိစေမှာဖြစ်ပါတယ်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”