တမူးမြို့နယ်၌ အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းကြောင့် ကလေးငယ်များထိခိုက်

တမူးမြို့နယ်၊ ရေအေးကျေးရွာအနီးတွင် မတ်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်၌ နွားကျောင်းနေသည့် ကလေးငယ်သုံးဦးက PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းကို ဆော့စရာထင်မှတ်၍ ပစ်ပေါက်ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ကလေးငယ်သုံးဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရခဲ့ကြောင်းသိရသည်။

တမူးမြိုနယ်၊ ရေအေးကျေးရွာနေသူများဖြစ်ကြသည့် မောင်ကမ်ဂိုမန် (၉) နှစ်၊ မောင်ဟင်ခိုလင် (၁၂) နှစ်နှင့် မောင်ကမ်မင့်စေး (၁၁) နှစ်တိုသည် ကျေးရွာ၏အနောက်ဘက် ၃ ဖာလုံခန့်အကွာရှိ ယူးချောင်းတံတားအနီးတွင် နွားကျောင်းနေစဉ် ချောင်းဘေးမှတွေ့ရှိသည့် အရှည် ၂ လက်မကျော်ခန့်ရှိ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် အလုံး ၁ လုံးအား ဆော့ကစားရန် ယူဆောင်လာခဲ့ပြီး ကျေးရွာအလယ်ရှိရေတွင်းအနီးတွင် အဆိုပါကော်ပိုက်လုံးအား ပစ်ပေါက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မောင်ကမ်ဂိုမန်၊ မောင်ဟင်ခိုလင်နှင့် မောင်ကမ်မင့်စေးတို ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့်ဆေးကုသမှုခံယူနေရကြောင်းသိရပါတယ်။