ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ တည်ပင်ကျေးရွာတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မတ်လ ၁၈ ရက်က နေ့လယ် ၁၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ တည်ပင်ကျေးရွာအတွင်းသို အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာ လူနေထိုင်ခြင်းမရှိသည့် နေအိမ်များအတွင်းမှ အပြစ်မဲ့ပြည်သူများအား ထိခိုက်သေကြေစေရန်ပြုလုပ်ထားသော-

  • လက်လုပ်ရှေ့ထွက်မိုင်းကြီး ၇ လုံး
  • ကားစလစ်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၅ လုံး
  • ဆွမ်းချိုင့်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းကြီး ၅ လုံး
  • သံပုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းကြီး ၁ လုံး
  • လက်လုပ်ရှော့တိုက်စိန်ပြောင်း ၂ လက်
  • မိုင်းဆွဲကြိုး ၃ ခွေ
  • ဝါယာကြိုး ၁ ခွေ
  • ဘတ္ထရီအိုး ၅ လုံး
  • မိုင်း Receiver ခုံ ၁၀ ခု
  • မိုင်းခွဲရီမု ၁ ခု
  • ဓာတ်ခဲ ၂၀ လုံး
  • ပြောက်ကျားအင်္ကျီ ၁ ထည်းတိုအား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။