တာမွေမြိုနယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်လွန်ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြိုနယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြိုနယ်ရှိ လေးထောင့်ကန်လမ်းတစ်လျှောက် ( အရှေ့မြင်းပြိုင် ကွင်းလမ်းမှ ဝေဇယန္တာလမ်းထိ ) နိုင်လွန်ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အစိုးရအဖွဲဝင်ဝန်ကြီးများ၊ ခရိုင်/ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။