ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာတွင် PDFအကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီးတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်နေသော PDF များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ၎င်းကျေးရွာတဝိုက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
PDF များထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများမှာ–

  • တဲ ၁၀ လုံး
  • ဗုံးခိုကျင်း ၁ ခု
  • လေ့ကျင့်ရေးကွင်း ၁ ကွင်း
  • လက်လုပ်သေနတ် ၁၂ လက်
  • လက်လုပ်ရှော့တိုက်ဗုံးသီး ၅ လုံး
  • လက်လုပ် Drop ဗုံး ၁၁ လုံး
  • ယမ်းမှုန့် ၁ ထုပ်
  • အီကွေးမန့် ၂ စုံ
  • ခါးပတ်ကြီး ၈ ခု
  • ဘတ်တံဆိပ် ၂ ခု
  • ပြောက်ကျား ယူနီဖောင်း ၄ စုံ
  • ဆေးမျိုးစုံ ၁ အိတ်
  • မီးစက် ၁ လုံး
  • ဝရိန်စက် ၁ လုံး
  • သံဖြတ်စက် ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။