ဆရာတော်ဘုရားဟောကြားသောတရားတော်ကို ဆရာတော်ဘုရားရဲ့ရုပ်အလောင်းကိုရှုပြီးတရားရအောင်ယူကြရပါမယ်။ မမြဲခြင်းသဘောကိုနားလည်ရပါမယ်။ အို၊ နာ၊ သေခန္ဓာကိုယ်ကြီးကိုစွန့်လွှတ်နိုင်ရပါမယ်။ အသေတတ်ရပါမယ်။တရားမထိုင်ခင်မှာ အရင်ဦးဆုံး လုပ်ရမှာက ရုပ်ဣန္ဒြေကို လုံအောင် အရင်တည်ရတယ်။ခေါင်းစိုက်တာတို့၊ ဘေးစောင်းတာတို့၊ အနောက်ကို မဲတင်းထားတာတို့ […]