မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

သင့်တာလေးတွေနဲ့အချိန်ကုန်ပါ

အသက်ကြီးလာရင်
အတွေးတွေကို ပိုဂရုစိုက်သင့်သလို
အပြောတွေကိုလည်း ဂရုစိုက်ပါ ။

စိတ်မသက်သာမယ့်အတွေးတွေဆို
ကိုယ့်အရွယ်နဲ့ မလိုက်တော့လို့
မတွေးဖြစ်အောင် သတိထားပါ ။

အလိုမကျမကျေနပ်စရာတွေကို
ပြန်လည် အသက်သွင်းလို့ မနေပါနဲ့ ။

အတိတ်ကိုပြန်ကြည့်စရာဟာ
မိမိပြုခဲ့တဲ့ ကောင်းမှုသာဖြစ်ပါစေ ။

ကိုယ့်နှင့်မဆိုင်ရင် ဝင်မပြောပါနဲ့
ပြဿနာအစ စကားကလာတတ်လို့
အမှားပါသွားရင်ရှူပ်ထွေးနိုင်ပါတယ် ။

မပြောမပြီးပဲ အရေးကြီးမှသာ
လူကြီးပီသစွာနဲ့ ၀ငျပါပေးလိုကျပါ ။

အရွယ်သုံးပါးမှာ နောက်ဆုံးဖြစ်လို့
ကောင်းမှုတွေ ရှိနေပြီလားဆိုပြီး
ကိုယ့်ကိုကိုယ် စစ်တမ်းလေးထုတ်ပါ ။

မသင့်စာတွေလည်းရှောင်ပြီးတော့
သင့်တော်တာလေးတွေနဲ့
ကိုယ့်ဘ၀ကို အချိန်ကုန်သွားနိုင်ပါစေ ။ ။

🙏🙏🙏 သာရ ဂ ဝေ သီ 🙏🙏🙏