အောင်ပွဲနဲ့အတူ ရွာပြန်လာတဲ့ ယူ- ၂၀ ကစားသမား ယွန်းဝတီလှိုင်ကို ရွာလုံးကျွတ်ကြိုဆို

၂၀၂၄ အာရှဖလား ယူ-၂၀ အမျိုးသမီး ခြေစစ်ပွဲ (ပထမအဆင့်)ကို ထိုက်တန်စွာအောင်မြင်ပြီးပြန်လာတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၂၀ ဘောလုံးအသင်းမှ အလယ်တန်းကစားသမား ယွန်းဝတီလှိင် (နံပါတ်- ၂၁) ကို သူ့ရဲ့ဇာတိမြေဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြိုနယ်၊ ချင်းသပြေပင်ကျေးရွာမှ ရွာသူရွာသားများက ရွာလုံးကျွတ် ကြိုဆိုခဲ့ကြတယ်လို သိရပါတယ်။
သူမဟာ အလယ်တန်းကစားသမားပီပီ ဖြတ်တင်ဘောတွေကို ပိုင်ပိုင်နိုင်နိုင် ပေးပိုနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး အခုလို အောင်ပွဲနဲ့အတူ အမိမြေသို ပြန်လည်ရောက်ရှိခဲ့ပြီးနောက် နားခွင့်ရတဲ့ရက်ကလေးမှာ သူ့ရဲ့ဇာတိမြေသို ခေတ္တသွားရောက်စဥ် ယခုလို ကလေးရော လူကြီးပါမကျန် ကြိုဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ- ၂၀ ဘောလုံးအသင်းဟာ ၂၀၂၄ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ (ပထမအဆင့်)ကို ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက်ကစားခဲ့ပြီး ၂ ပွဲကစား ၂ ပွဲနိုင်ရလာဒ်နဲ့ မြန်မာနိုင်ငံသို မတ်လ ၁၃ ရက် ညပိုင်းမှာ ပြန်လည်ရောက်ရှိခဲ့တယ်လို သိရပါတယ်။