ပြည်တွင်းစစ်ဖြစ်ရန်နီးနေပြီဟု အစ္စရေးသမ္မတပြော

မတ်လ ၁၇ရက်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုကြောင့် အစ္စရေးနိုင်ငံတစ်ဝှန်းဆန္ဒပြမှုများဖြစ်နေပြီး ပြည်တွင်းစစ်ဖြစ်ရန်နီးနေပြီဟု အစ္စရေးသမ္မတဟာဇော့ကသတိပေးလိုက်သည်။

နေတန်ယာဟု၏ ဥပဒေပသစ်ဖြစ်သော တရားရုံးချုပ်အပေါ်လွှတ်တော်က လွှမ်းမိုးနိုင်မည့်ဥပဒေမှာ စတင်အဆိုပြုသည့် ဇန်နဝါရီလကပင် တစ်နိုင်ငံလုံးဆန္ဒပြမှုများဖြင့်ကြုံနေရသည်။

တရားရုံးချုပ်၏ အဆုံးအဖြတ်ကို လွှတ်တော်ရှိသာမန်မဲအများစုဖြင့် ပယ်ဖျက်လွှမ်းမိုးနိုင်သည့်ဥပဒေသည် တရားစီရင်ရေးအခွင့်အာဏာကို ကန့်သတ်လိုက်ခြင်းဖြစ်ပြီး အစိုးရအနေဖြင့် တရားရုံးချုပ်တရားသူကြီးများခန့်အပ်ရာတွင်အစိုးရစိတ်ကြိုက်ခန့်နိုင်သည့်အတွက် အစိုးရတွင်အာဏာပိုရရှိလာစေမည်ဖြစ်သည်။