ထီးလင်း-ဂန့်ဂေါကားလမ်း၌ PDFအကြမ်းဖက်များနှင့်တိုက်ပွဲဖြစ်ပွား

မတ် ၁၆ ရက်က ထီးလင်း-ဂန့်ဂေါဒေသမှာ တာဝန်ထမ်းဆောင်ဖို့ ထွက်လာသည့် တပ်မတော်ယာဉ်တန်းအား ထီးလင်းမြို့၏ မြောက်ဘက် ၁၆ မိုင်ခန့်အကွာ ဆီမီးတောကျေးရွာအနီး ကားလမ်း၏ ဘယ်ဘက် မြေကမ်းပါးယံဘက်မှ PDF များက ဆွဲမိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်..

၎င်းနေရာမှ ဆက်လက်ထွက်ခွာခဲ့ရာ မီတာ ၃၀၀ ခန့်အကွာသို့အရောက် နေရာ ၂ နေရာမှ PDF များက ချောင်းမြောင်းပစ်ခတ်သဖြင့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ-

PDF ၂ လောင်း သိမ်းဆည်းရမိခဲ့ပြီး စစ်သည် ၁ ဦးကျဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်…