နေ့လည်စာစားပြီးပြီးချင်း မလုပ်သင့်တဲ့အရာများ

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အာဟာရလိုအပ်ချက်အရ တစ်နေ့ထမင်း (၃) နပ်စားကြတဲ့အထဲမှာ နေ့လည်စာဟာလည်း အရေးကြီးအစားအစာတစ်မျိုးပါပဲ။ တစ်မနက်ခင်းလုံးလှုပ်ရှားပြီးလို့ ကုန်ခမ်းသွားတဲ့ အားအင်တွေကိုပြန်လည်ဖြည့်တင်းဖို့နဲ့ ကျန်ရှိနေသေးတဲ့တနေ့တာကို ဆက်လက်ဖြတ်သန်းဖို့အတွက် လိုအင်တဲ့အားအင်ကိုရရှိဖို့ ကျွန်တော်တို့တွေနေ့လည်စာ စားကြပါတယ်။ ဒါပေမယ့် နေ့လည်စာစားပြီးရင် မလုပ်သင့်တဲ့အချက်လေးတွေရှိနေပါသေးတယ်။ ကျွန်တော်တို့တွေ သတိမမူမိဘဲလုပ်မိတတ်ကြတဲ့ အလေ့အထလေးတွေဖြစ်ပြီး ရှောင်ကြဉ်လိုက်မယ်ဆိုရင် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မှာပါ။

၁။ မအိပ်ပါနဲ့

Taking-a-nap.jpg 

စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် နေ့လည်စာစားပြီးတာနဲ့ မျက်လုံးတွေမှေးစင်းလာပြီး ဆိုဖာပေါ်မှာပဲ တမှေးလောက်ဆိုပြီး အိပ်မိတတ်ပါတယ်။ အမှန်တော့ နေ့လည်စာထမင်းစားပြီးပြီးချင်း အိပ်စက်ခြင်းက ပြန်လည်နိုးထလာချိန်မှာ ဝမ်းဗိုက်တွေပြည့်အင့်ပြီး မအီမသာကြီးဖြစ်နေစေတတ်ပါတယ်။

နေ့လည်စာကို တဝတပြဲကျိတ်ထားမယ်ဆို အစာမကြေဖြစ်ပြီး အော့အန်တာတွေတောင် ဖြစ်စေနိုင်ပါတယ်။ အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ အိပ်စက်နေချိန်မှာ အစာကောင်းကောင်းမခြေနိုင်လို့ အစာမကြေဖြစ်တာပါ။ ဒါကြောင့် နေ့လည်စာ ထမင်းစားပြီးပြီးချင်း အိပ်စက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါကြောင့်လဲရှေးလူကြီးတွေက “ထမင်းစားပြီးပြီးချင်းအိပ်ရင် မြွေဖြစ်တတ်တယ်” ဆိုပြီး ကလေးတွေကိုခြောက်လှန့်ကြတာပါ။

၂။ ဆေးလိပ်မသောက်ပါနဲ့

Death-of-the-Marlboro-Man.jpg 

ဆေးလိပ်သောက်တတ်တဲ့သူတွေမှာ ဖြစ်တတ်တဲ့ဝေဒနာတစ်ခုကတော့ “ထမင်းစားပြီးတစ်မျိုးလို၊ အိပ်ယာဝင်လည်းတစ်မျိုးလို၊ ဆေးလိပ်တို… ဆေးလိပ်တို” ဖြစ်တာပါပဲ။ ထမင်းစားပြီးပြီးချင်း ဆေးလိပ်သောက်ခြင်းဟာ ဆေးလိပ် (၁၀)လိပ်ကို တစ်ပြိုင်တည်းသောက်ခြင်းနဲ့ ညီမျှပါတယ်တဲ့။ ဒါကြောင့် ထမင်းစားပြီးပြီးချင်း ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ကို ပုံမှန်ထက်ပိုမိုထိခိုက်စေနိုင်တယ်ဆိုတာကို နားလည်ထားရပါမယ်။

၃။ ရေမချိုးပါနဲ့

1200-woman-in-bath.jpg 

ထမင်းစားပြီးပြီးချင်း ရေချိုးတာဟာ ရေဖျင်းစွဲစေနိုင်သလို အစာခြေစနစ်ရဲ့လုပ်ဆောင်မှုတွေကိုလည်း နှေးကွေးစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရေချိုးနေချိန်မှာ အစာအိမ်သွေးကြောတွေထဲက သွေးတွေဟာ အစာခြေခြင်းနဲ့ပတ်သက်ပြီး ကူညီလုပ်ဆောင် ပေးရမယ့်အစား ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေဆီကို စီးဆင်းနေလို့ပါပဲ။

၄။ လက်ဖက်ရည်မသောက်ပါနဲ့

58ad1cca310bf_58ad0c5025082_140909421.jpg 

လက်ဖက်ရွက်တွေဟာ အက်ဆစ်ဓာတ်ကြွယ်ဝပြီး အစာခြေစနစ်လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ခင်ဗျားရဲ့ နေ့လည်စာထဲမှာ ပရိုတိန်းဓာတ်ပါဝင်မယ်ဆိုရင် လက်ဖက်ရည်ထဲမှာပါဝင်တဲ့အက်ဆစ်က ပရိုတိန်းဓာတ်ကို မာကျောစေပြီး အစာခြေရပိုမိုခက်ခဲစေပါတယ်။ နောက်ပြီး ထမင်းစားပြီးပြီးချင်း လက်ဖက်ရည်သောက်ခြင်းက ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်နေ့လည်စာမစားခင်နဲ့ စားပြီး တစ်နာရီအကွာမှာ လက်ဖက်ရည်သောက်ခြင်းကို ရှောင်ရှားပါ။

Source: healthxchanges