အင်ဖန်တီနိုသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ၂၀၂၇ ခုနှစ်အထိ ဆက်ရှိသွားမည်ဖြစ်

လက်ရှိဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုသည် ယှဉ်ပြိုင်ရွေးချယ်ခံမည့်သူ မရှိသောကြောင့် ဖီဖာဥက္ကဋ္ဌအဖြစ် နောက်ထပ်(၄)နှစ်သက်တမ်းကို ဆက်လက်ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ပြုလုပ်သည့် (၇၃)ကြိမ် မြောက် ဖီဖာကွန်ဂရက်တွင် အဆိုပါရွေးချယ်မှုကိုပါ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်ဖန်တီနိုသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ၂၀၂၇ ခုနှစ်အထိ ဆက်ရှိသွားဖြစ်သည်။

Photo: FIFA