ဟော်နန်းတော်( သိန်းနီဟော်နန်း ) ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း ၏ ဟော်နန်းတော်( သိန်းနီဟော်နန်း) အား ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သိန်းနီဟော်နန်းဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်နာယက ဆရာတော်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြိုဖများကဟော်နန်းတော်သို့ သွားရောက်ကြည့်ရှုကြပြီးဆရာတော်အရှင်သူမြတ်တို့ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညို ကြပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။