အမျိုးသမီးလက်ရွေးစင်အသင်း ယူ-၂ဝ ကမ္ဘာ့ဖလားဝင်ခွင့် ပထမအဆင့် ခြေစစ်ပွဲအောင်မြင်

၂ဝ၂၄ အာရှအမျိုးသမီး ယူ-၂ဝ ပြိုင်ပွဲကို အုပ်စု(၈)ခုခွဲပြီး (၃၁)နိုင်ငံ ယှဉ်ပြိုင်လျက်ရှိရာတွင် ထိပ်ဆုံး(၃) သင်းစာရင်းဝင်သည့် အသင်းအနေဖြင့် ယူ-၂ဝ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိမည်ဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂ဝ အသင်းသည် အုပ်စု (G) တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို ၂ -ဝ ဂိုး၊ မလေးရှား အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယအဆင့် ခြေစစ်ပွဲသို့ ဩစတေးလျ၊ တရုတ်၊ ဗီယက်နမ်၊ မြန်မာ၊ အီရန်၊ နီပေါ နှင့် တရုတ်တိုင်ပေအသင်းတို့ တက်ရောက်သွားခဲ့ကြောင်းသိရသည်။

ခြေစစ်ပွဲစဉ်များကို ၂ဝ၂၄ ခုနှစ် ဇွန်လ ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပရန်စီစဉ်ထားပြီး ပထမအဆင့်မှ ခြေစစ်ပွဲ အောင်မြင်လာသည့် အသင်းများအား အုပ်စုနှစ်စုခွဲ၍ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ အာဆီယံနိုင်ငံများအတွင်းမှ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့သာ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် မဲရွေးချယ်ရာတွင်လည်း တစ်အုပ်စုတည်းကျရောက်နေကြောင်းလည်းသိရသည်။

၂ဝ၂၄ အာရှအမျိူးသမီး ယူ-၂ဝ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။