နမ့်နိမ့်ကျေးရွာတိုက်ပွဲတွင် KNDF/PDF များ၏ အလောင်းနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရရှိ

ပင်လောင်းမြို့နယ် နမ့်နိမ့်ကျေးရွာအနီးတွင် မတ်လ ၁၅ ရက်နေ့တွင် ပအို့ဝ်နယ်မြေအတွင်းသို့ ကယားလက်နက်ကိုင်သောင်းကျန်းသူများခိုအောင်းမှုမရှိစေရေး တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မတ်လ ၁၅ ရက်နေ့ နံနက် ၁၀၀၀ နာရီတွင် ပင်လောင်းမြို့နယ် နမ့်နိမ့်ကျေးရွာအနီး၌ KNDF,PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အောက်ပါအတိုင်းသိမ်းဆည်းရမိခဲ့ပါတယ်—
(၁) KNDFဘက်တံဆိပ်ပါ အလောင်း— (၂)လောင်း။
(၂) လက်နက် —(၂) လက်။
(၃) ကျည်အိမ် —(၈)ခု။
(၄) ကျည်မျိုးစုံ— (၁၈၆)တောင့်။
(၅) ဗုံးသီး ——(၂) လုံးသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။