ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်ရှိ အမျိုးသမီး ၂ ဦးအား PDF များက ဓားပြတိုက်

မတ်လ ၁၅ ရက်က ညနေ ၃ နာရီခန့်တွင် ပခုက္ကူမြို၊ အမှတ်(၁၅) ရပ်ကွက်တွင် နေထိုင်သော အပြစ်မဲ့ အမျိုးသမီး ၂ ဦးသည် ၎င်းတိုနေအိမ်၌ ရှိနေစဉ် အဖျက်အမှောင့် လုပ်ဆောင်နေသာ pdf ပဒက်များက အိုးဝေ အနက်ရောင် ယာဉ်ဖြင့် ရောက်ရှိလာပြီး နေအိမ်ခြံဝင်းအတွင်းသို ရောက်ရှိလာကာ အပြစ်မဲ့ အမျိုးသမီး ၂ ဦးအား လက်လုပ်သေနတ်များဖြင့် ချိတ်ရွယ်၍ ခြံဝန်းအတွင်းရပ်ထားသော ကား ၂ စီး၏ သော့များတောင်းယူနေစဉ် ၎င်းအပြစ်မဲ့အမျိုးသမီး ၂ ဦးမှ အော်ဟစ်အကူအညီတောင်းရာ pdf ပဒက်များမှာ ကြောက်လန့်စွာဖြင့် ၎င်းအမျိုးသမီး ၂ ဦးအား သေနတ်ဖြင့် ထုရိုက်ကာ ထွက်ပြေးသွားကြောင်း သိရှိရပါသည်။
pdf ပဒက်များ၏ သေနတ်ဖြင့် ထုရိုက်မှုကြောင့် အပြစ်မဲ့အမျိုးသမီး ၂ ဦးမှာ နားထင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး တာဝန်ရှိသူများမှ လူမှုကူညီရေးယာဉ်ဖြင့် ပခုက္ကူမြို ပြည်သူ့ဆေးရုံသို ပိုဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။