ပင်လောင်းမြို့နယ် ပအိုဝ်းရွာကို ကရင်နီတပ်နှင့်PDFတပ်ကျူးကျော်သိမ်းထားပုံ

အနီရောင် = နန်းနိန်ရွာ (ဒုံနမ်းနိန်ႏ)
အဝါရောင် = လုံပျဉ်ရွာ (ဒုံလုံးပဲဉ်)
အစိမ်းရောင် = တောင်မဲသင်းရွာ(ဒုံကောင်မုဲင်းသင်ꩻ)
(ဆောင်းပြောင်းရွာသားအချို့လည်းစစ်ရှောင်ခဲ့ကြောင်းသိရှိ)

Iစစ်ပြသနာအစ
သူစိမ်းPDFလူအယောက်၅၀ခန့် လုံးပျဉ်ရွာ တောင်မဲသင်းရွာသို့
ရွာသားမသိအောင် အရပ်သားပုံစံဖြင့် ဝင်ရောက်နေရာယူထားပြီး
နောက်နာရီအနည်းငယ်တွင် လူ၁၀၀ကျော်၂၀၀ကျော်လောက် အင်အားထပ်ဖြည့်လာပြန်တယ်။ရွာသားတွေက လူထူးဆန်းရောက်လို့ဆိုပြီးPNAကိုသတင်းပေးပြီး
PNAကရောက်လာသောအခါ ရွာပြင် ရွာကြား မှာPDF/ကရင်နီ
တပ် နေရာယူထားပြီးဖြစ်သည်။ ထိုအချိန်မှာPDFက
စနိုက်ဘာဖြင့် ပအိုဝ်းစစ်တပ်PNAကို ချိန်ပစ်ခဲ့တာကြောင့် PNAတပ်သားအချို့အသက်ပေးခဲ့ရသည်။အပြန်အလှန်ပြန်ပစ်ခဲ့၍ PDFတပ်သားအချို့လည်းသေသွားခဲ့ကြောင်းသိရသည်။
ရွာသားတွေလန့်ပြီးရှိသမျှအကုန်ထားခဲ့ရကာသေနတ်သံကြားက
အသက်လွတ်အောင်ရှောင်ပြီးထွက်ပြေးခဲ့ရ ။

PDF/ကရင်နီတပ် ရည်ရွယ်ချက်

ပအိုဝ်းဒေသ ပင်လောင်းမြို့တွင် ရွာအချို့သိမ်းပြီး
တပ်စခန်းတည်ဆောက်မည်ဖြစ်ကြောင်း ကရင်နီpage တွင်
တွေ့ရသည်။

ဒေသခံရွာသားအခြေအနေ

100%သည် ပအိုဝ်းလူမျိုးဖြစ်သည်။ ရွာသားအချို့သည်
ဒလန်ဆိုပြီး PDFသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ အချို့ယောကျာ်း
လေးအများစုသည် ရွာကို မစွန့်ပဲ မည်သည့်အခြေအနေဖြစ်ဖြစ်
ရွာကိုစောင့်ရှောက်ရင်းကျန်ခဲ့ကြောင်းသိရှိရသည်။ကလေး အဘွား
လူကြီးများ ကိုယ်ဝန်သည်အချို့ ရွာကိုစွန့်ပြီး ထွက်ပြေးခဲ့ရပါသည်။

အခုထိနှစ်ဖက်စလုံးတိုက်ပွဲမရပ်သေးကြောင်းသိရှိရ။

ဤသတင်းသည် ဒေသခံစစ်ရှောင်တစ်ဦးပြောပြတာကြောင့်
အများသိအောင်စာဖြင့်ပြန်လည်မျှဝေရေးသားခဲ့ခြင်းဖြစ်သည်။

Pa-O History & Heritage