အကြမ်းဖက်သမားများက ပအိုဝ်းသံဃာတော်များနှင့် လူမျိုးများအား လူမဆန်စွာ သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ့်နိမ်ကျေးရွာအတွင်းသို့ မတ် ၁၁ ရက်တွင် KNDF/KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ ပစ်ခတ် တိုက်ခိုက်မှုကြောင့် နမ့်နိမ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ ၁၇ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရ သည်။

         ရဟန်းသံဃာတော်များနှင့် အကြမ်းဖက်မှုကို မလိုလားသော ဒေသခံ ပြည်သူများက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်ကွင်း၌ စုပေါင်း၍ ဆန္ဒဖော်ထုတ်ကြသည်။ ဆန္ဒဖော်ထုတ်ရာတွင် ပအိုဝ်း ဒေသအတွင်း ကျူးကျော်စစ်တလင်း ဖန်တီးမှု အလိုမရှိ၊ အပြစ်မဲ့ ပအိုဝ်းသံဃာတော် များနှင့် ပအိုဝ်းလူမျိုးများအားသတ်ဖြတ်မှု အလိုမရှိ၊ သတင်းမှန်ဖုံးကွယ် ရေးသား ဖော်ပြသော မီဒီယာများ အလိုမရှိ၊ ပအိုဝ်းပြည်သူလူထုပိုင်ပစ္စည်းဥစ္စာများအား အတင်းအဓမ္မခိုးယူနေသော အကြမ်းဖက်သမားများ အလိုမရှိ၊ သာသနာ့အဆောက်အဦ များ၊ ပြည်သူလူထုနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ အလိုမရှိ၊ ကျေးရွာနှင့် လူနေအိမ်များ၊ ဒေသခံများကို လူသားဒိုင်းကာအဖြစ် အသုံးပြုမှုများ အလိုမရှိ၊ KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသအတွင်းမှ အမြန်ဆုံးဆုတ်ခွာရေး ဒို့အရေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေး ဒို့အရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။