မြန်မာ – ရုရှား နှစ်နိုင်ငံဗိုလ်လောင်းများရေကူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

မြန်မာ – ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများရေကူးပြိုင်ပွဲ (Myanmar – Russia Cadets Swimming Competition) ဖွင့်ပွဲကို မတ် ၁၄ ရက်တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်အဆင့်မြင့် စာပေဗဟိုဌာန၊ ရေကူးကန်၌ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် ကိုလေး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ Colonel Dmitry Vladimirovich ZHUCHKOV ၊ ပြင်ဦးလွင်တပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ ဖိတ်ကြားထားသူများ၊  ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများ တက်ရောက်ကြပါတယ်။

ဖွင့်ပွဲအခမ်းအနားတွင် နှစ်နိုင်ငံအလံတင်အခမ်းအနားကို ဦးစွာကျင်းပ၍ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကားပြောကြားပြီး နှစ်နိုင်ငံ ဗိုလ်လောင်းများ၏ ယှဉ်ပြိုင်ကစားမှုများကို အခမ်းအနားတက်ရောက် လာကြသူ များနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ဆုများ ရရှိခဲ့ကြ သည့် ဗိုလ်လောင်းများကို သက်ဆိုင်ရာတပ်တော်အရာရှိကြီးများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲပထမနေ့အစီအစဉ်များကို ရုတ်သိမ်းလိုက်ပါတယ်။

မတ်လ ၁၅ရက် နံနက်ပိုင်းတွင် ရေကူးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင် ကစားကြရာ အခမ်းအနားတက်ရောက်လာကြသူများက နှစ်နိုင်ငံဗိုလ်လောင်းများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြပါတယ်။

ထို့နောက် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဦးစွာ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အမှာစကားပြောကြားပြီးပြိုင်ပွဲ အသီးသီး တွင် ဆုရရှိခဲ့ကြသည့် နှစ်နိုင်ငံမှဗိုလ်လောင်းများကို စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြပြီး မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ကြပါတယ်။

အဆိုပါ ရေကူးပြိုင်ပွဲကို မြန်မာ့တပ်မတော် ဗိုလ်လောင်းများအနေဖြင့် နိုင်ငံ တကာနှင့် ထိတွေ့ဆက်ဆံမှုမြှင့်တင်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဗိုလ်လောင်း (၁၂) ဦးနှင့် ရုရှားနိုင်ငံမှ ဗိုလ်လောင်း(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး ပြိုင်ပွဲတွင် မီတာ(၁၀၀)လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ(၂၀၀)အလွတ်ကူးပြိုင်ပွဲ၊ မီတာ (၁၀၀) ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀) ရင်ဘောင် တန်းကူးပြိုင်ပွဲ၊ မီတာ(၂၀၀) လိပ်ပြာ ကူးပြိုင်ပွဲ၊ မီတာ(၁၀၀) ၄ ယောက်တွဲ လက်ဆင့် ကမ်းအလွတ်ကူးပြိုင်ပွဲ၊ မီတာ (၂၀၀) ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅၀)ပက်လက် ကူးပြိုင်ပွဲ၊ မီတာ(၅၀)ရင်ဘောင်တန်း ကူးပြိုင်ပွဲ၊ မီတာ(၁၀၀)၄ ယောက်တွဲ လက်ဆင့် ကမ်းလေးမျိုးကူးပြိုင်ပွဲ စသည့် ပြိုင်ပွဲများပါဝင်ပြီး ပြိုင်ပွဲကို မတ် ၁၄ ရက်မှ ယနေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။