ပခုက္ကူမြို့နယ်၊ အိုင်းကြီးကျေးရွာအနီးPDF များ၏ အလောင်း၊ လက်နက်၊ခဲယမ်းများ သိမ်းဆည်းရရှိ

၂၀၂၃ခုနှစ်၊မတ်လ ၁၅ ရက်နေ့ နံနက် ၅နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း လုံခြုံရေးအဖွဲဝင်များသည် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် အိုင်းကြီးကျေးရွာ ဝန်းကျင်းတွင် အခြေပြု၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေကြောင်း နယ်မြေခံပြည်သူများ၏ သတင်းပေးချက်အရ ရှင်းလင်းခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများနှင့်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အကြမ်းဖက်များအနောက်တောင်ဘက်သို ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သမားများထံမှ–

– အရပ်ဝတ်ကျားအလောင်း —၅ လောင်း။
– လက်လုပ်သေနတ် —၃လက်။
– လက်လုပ် ၄၀ မမဗုံးသီး —-၃လုံး။
– ၁၂ ဗိုကျည် —-၄ တောင့် ။
– ၁၂ ဗိုကျည်အိမ် —-၁ ခု။
– ဆားကစ်ပြားနှင့် Androidဖုန်းတွဲလျက် —-၂ ခု။
– DT ဆိုင်ကယ်အမျိုးအစား(အနီ)– ၁စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။