ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးပြည်သူများ အများအပြားလာရောက်ခဲ့

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးသို ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား နှစ်သောင်းနီးပါး လာရောက်ဖူးမြော်

ဖေဖော်ဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၁၈၅၀၉ ဦး လာရောက်ခဲ့ပြီး ပြည်ပဘုရားဖူးခရီးသွား ၈၃၃ ဦး စုစုပေါင်း ၁၉၃၄၂ ဦး လာရောက်ခဲ့ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲဝင်တစ်ဦးက ပြောကြားသည်။