“စောင်နီလေးတစ်ထည်” ရုပ်ရှင်ဇာတ်ကားကို ပြသသွားမည်…

စောင်နီလေးတစ်ထည်ကို TVမှာ မပြခင် ရုပ်ရှင်အနေနဲ့ တစ်ပတ်စောပြီး ကြည့်ချင်သူတွေအနေနဲ့….


မြဝတီ မီဒီယာစင်တာမှာ Star Cenima ကနေ ၁၉-၃-၂၀၂၃ ရက်ကစပြီး ၂၅-၃-၂၀၂၃ ရက်အထိ ပွဲချိန် ၂ချိန် ပြသပေးမည်လို့ သိရှိရပါတယ်။
ပွဲချိန်ကတော့ မနက် ၁၀ ၀၀ နာရီနှင့် ညနေ ၁၄ ၀၀ နာရီဖြစ်ပါတယ်။


ကားပါကင်ကျယ်ကျယ်နဲ့ လုံခြုံစိတ်ချရတဲ့ ရုံသစ်ကြီးမှာ VIPလိုမျိုး
လာရောက်ကြည့်ရှုဖို့အတွက် ဖိတ်ခေါ်ထားပြီး ရုံဝင်ကြေးကိုလည်း
၅၀၀၀ကျပ်နဲ့ ၁၀၀၀၀ကျပ်ဆိုပြီး နှစ်မျိုးတည်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လိပ်စာကတော့-
ရန်ကုန်မှာဆိုရင်-YBS 14-26-27စီးပြီးလာလို့ရတဲ့ မှတ်တမ်းရုံးမှတ်တိုင်မှာဆင်းရင်ရပါတယ်။
နေပြည်တော်မှာဆိုရင်- ဇေယျာသီရိနဲ့ Junction တို့မှာ ပြသသွားမယ်လို့ သိရှိရပါတယ်ရှင်…