ဗုံးပေါက်ကွဲမှုနှင့် မီးလောင်မှုများဖြစ်ပွား

ဗုံးပေါက်ကွဲမှု💣💣

မတ် ၁၃ ရက်၊ နွားထိုးကြီး

နွားထိုးကြီးမြို့၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာ နွားထိုးကြီး-ထန်းခွသွားကားလမ်းဘေး၌ လက်လုပ်အဝေးထိန်းမိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ကားလမ်းအနီးဖြတ်သန်းသွားလာသည့် အသက် ၃၀ နှစ်ခန့် ကျား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရပါတယ်..

မီးလောင်မှု💥💥

မတ် ၁၃ ရက်၊ ပုလဲ

ပုလဲမြို့နယ် မြို့နယ်သစ်တောဦးစီးမှူးရုံးသို့ အကြမ်းဖက် ၅ ဦး ဆိုင်ကယ် ၃ စီးဖြင့် ရောက်လာပြီး မီးပုလင်း ၄ လုံး ပစ်ပေါက်ခဲ့ရာမှ ဝန်ထမ်းအိမ်ရာ အဆောက်အဦ ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ၈၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်..